နွားထိုးကြီးမြို့နယ်တွင် CFAVC ဖြင့် ဆောင်ရွက်မည့်ကုန်ထုတ်လမ်း မြေပြင်အခြေအနေကွင်းဆင်းစစ်ဆေး

နွားထိုးကြီး ဩဂုတ် ၁၃

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ADB Bank နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှု အစီအစဉ်တို့ ပူးပေါင်းဆောင်ရွက် သော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆင်းစီမံကိန်း (CFAVC) ဖြင့်ဆောင်ရွက် မည့် ကုန်ထုတ်လမ်းဆောင်ရွက်မှုကို မြေပြင်အခြေအနေကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CFAVC စီမံကိန်းဖြင့် လေးကျွန်းသစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာ ကုန်ထုတ်လမ်း အရှည် ၁/၁မိုင်၊ အကျယ် ၁၂ပေ၊ ၂ပေ၊ ၉ လက်မထု မြေနေရာအား မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသိန်း၊ ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့် မြို့နယ်ရုံးအဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ခံကုမ္ပဏီအနေဖြင့် သတ်မှတ်ကာအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာကော်မတီဝင်များအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်စဉ် အတွင်း အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြရန်မှာကြားပြီး ကုမ္ပဏီနှင့်ကျေးရွာကော်မတီမှတင်ပြချက်များအပေါ် လိုအပ်သည်များ ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်