ပြည် သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မူယာပင်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေး ထိုးခြင်းကို ယနေ့ နံနက်၈ နာရီခွဲကစတင်၍ ပြည်မြို့ မူယာပင်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့၌ စက်ရုံအလုပ်ရုံ လုပ်သားများ၊ စည်ပင်သာယာဈေးများမှ ဈေးရောင်းသူများကို မူယာပင်ခန်းမနှင့် အ.ထ.က(၁) ကျောင်းတို့တွင် စုစုပေါင်းလူဦးရေ(၁၂၀၀)ခန့် အား နံနက်၈ နာရီခွဲမှ မွန်းလွဲ၁၂ အထိ၊မွန်းလွဲ ၁နာရီမှညနေ၄နာရီခွဲ အထိတစ်နေ့(၂)ကြိမ်ခွဲ၍ ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီထံမှ သိရသည်။