မော်လမြိုင်ကျွန်း ဩဂုတ် ၁၃
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဖွင့်လှစ်လျက်ရှိသော စားသောက်ဆိုင်များ၌ ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် အချိန်က လှည့်လည် ဆောင်ရွက်သည်။
မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ပြည်သူများဝင်ထွက် စားသောက်ရာတွင် အဝင်ပေါက်ဝများ၌ လက်ဆေးဘေစင်များ၊ Handgelများ ထားရှိပေးခြင်း၊ စားပွဲ၊ ထိုင်ခုံများ စီစဉ်ထားရှိမှု့၊ ကျန်းမာရေးနှင့် ညီညွတ်စွာ၊ သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ထားရှိမှု၊ ရောင်းချမှုတို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူး ဦးမင်းဇော်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်မေသူသူဇင်၊ မြို့မကျန်းမာရေးမှူး ဦးဇော်မြင့်တို့မှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေး ပြောကြားသည်။
စစ်ဆေးကြည့်ရှုသည့် စားသောက်ဆိုင်များမှာ (၁၉)ဆိုင်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးမင်းဇော်လတ် ထံမှ သိရသည်။
သီတာအောင်(ပြန်ဆက်)