ကံမ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ကာလ အထူးချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု မှ ဘဏ်အဖွဲ့ဝင်တောင်သူများအား စိုက်ပျိုး မြေ တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင် ကိုးရာ သိန်းအား ထုတ်ချေးပေးရန်လျာထားကြောင်းသိရသည်။
ထိုသို့ထုတ်ပေးရာတွင် ဩဂုတ် ၁၃ ရက်နေ့အထိ ကျေးရွာအုပ်စု ၄၆ အုပ်စုမှ တောင်သူများအား ထုတ်ချေး ပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ လူစုလူဝေး မဖြစ်ပွားစေရန် အချိန်ပိုင်းခြား၍ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ညိုမာမြင့် ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)