လားရှိုး ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များ၊ လားရှိုး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ကုသရေးကော်မတီမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များကို ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီ အချိန်မှ စ၍ လမ်းဆုံနေရာများတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်တို့သည် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ လားရှိုး မြို့ မြို့လယ်အဝိုင်းပတ်၊ နမ္မတူလမ်းဆုံ၊ လားရှိုးကြီး မီးပွိုင့်လမ်းဆုံ၊ ဆုတောင်းပြည့် မန်ဆူဘုရား ရှေ့နှင့်ရေပန်းလမ်းဆုံ နေရာတို့တွင်လိုက်လံအသိပေးနှိုးဆော်ခဲ့ရာ ပြည်သူလူထုများအနေဖြင့် Stay at Home သတ်မှတ်ချက်နှင့် အညီနေထိုင်ကြရန်၊ မိမိကိုယ်ကို သံသယရှိပါက ဆက်သွယ်စစ်ဆေး နိုင်သည့်နေရာများ၊ လားရှိုးမြို့ ကိုဗစ်-၁၉ Call Centre ဖုန်းနံပါတ်များ စသည့်အချက်များပါဝင် ကြောင်းသိရသည်။
ဥမ္မာချို