ကျောက်ကြီး ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်(၉)နာရီအချိန်က သိန်တန်းရပ်ကွက်နှင့် ဒုံးတိုကျေးရွာတွင် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင်အတတ်နိုင်ဆုံးမဖြစ်မနေအိမ်တွင်း၌ သာနေထိုင်ကြပါရန်၊ သို့မှာသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများ ထံသွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask )ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွါခွါနေရန်။ Mask မတပ်သူများ နှင့်တွေ့ ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြဖြင့်အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းများမပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့နေအိမ်များကိုပြတင်းတံခါးများ ဖွင့်ထားပြီးလေဝင်လေထွက်ရှိအောင်လုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင် စွန့်ပစ်ပါ။ အပြင်ကပြန်လာပြီး
တိုင်းအဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံးသွေးတိုးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက် သွယ်၍မပျက်မကွက်ဆေးကုသမှုခံယူကြပါရန် ကိုဗစ်ရောဂါကူးစက်ပြန့်ပွါးမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီးပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း၊ Mask တပ်ဆင်အသုံးပြုရာတွင်လိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်