ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၄)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအနက်(၂)ဦး ဆေးရုံဆင်းခွင့်ရ

မောင်တော  ဩဂုတ် ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တောပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက်မှ(၄)ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင် တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး ယမန်နေ့တွင် ကိုဗစ်-၁၉ရောဂါ အတည် ပြုလူနာများ အနက်(၂)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း(၄၅၉)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၄၂၇)ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့် မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၆)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှု ခံယူနေသူ (၁၆)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သက်လွင်စိုး  ခရိုင် (ပြန်/ဆက်)