အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အသိပညာပေး နှိုးဆော်

အုတ်တွင်း   သြဂုတ်   ၁၁

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုများနေ့စဉ်မြင့်တက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်/ ကျေးရွာ များအတွင်းသို့Mobile Library ဖြင့်လှည့် လည် အသိ ပညာပေး လိုက်လံ နှိုးဆော် ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြပါ၊ သို့မှသာကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကိုထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပြည်သူများအနေဖြင့်မိမိတို့အိမ်တွင်ပြင်ပမှ လာသောဧည့်သည်များ လက်မခံပါရန်နှင့်၊ ထို့အတူမိမိတို့ကလည်းအခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါကပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကိုစနစ်တကျ တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ၊ နှာခေါင်းစည်း(Mask)မတပ်ဆင်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှရှောင်ကျဉ်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောပါ၊လက်ကိုဆေးကြော ခြင်းမပြုဘဲပါးစပ် ၊နှာခေါင်း ၊ မျက်စေ့ တို့ကိုပွတ်သပ်ခြင်း ၊ကိုင်တွယ် ထိတွေ့ခြင်း မပြုရန် ၊ လေဝင် လေထွက် မကောင်းသော အခန်းများ ရှောင်ပါ၊မိမိတို့ နေအိမ်ပြူတင်း တံခါးများဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို အိမ်အပြင်တွင်စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်းအဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီအိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါနှင့်၊သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒ နာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံး ကိုယ်စီလိုက်နာကြပြီးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် စသည့်အချက်များကိုတိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ