မြောက်ဦး ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းဖြစ်ပွားလျက်ရှိသော လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပြန့်နှံကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေးဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေး ဟော ပြောခြင်းများ သွားရောက်ကွင်းဆင်းခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာ တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေးဦးဆောင်ကာ ကြက်ခြေနီတပ်ဖွဲ့ဝင် များက မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော မြို့သစ်တိုက်ပွဲရှောင် စခန်း၊ ကိုးနဝင်း တိုက်ပွဲရှောင်စခန်း၊ ဘုရားပေါ် တိုက်ပွဲရှောင်စခန်းများရှိ မိဘပြည်သူများအနေဖြင့် ရခိုင်ပြည်နယ် အတွင်းလက်ရှိဖြစ်ပေါ်နေသော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုများအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုက်ပွဲရှောင် စခန်းများ သို့ သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာ ကြရန်၊ အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များ မဖြစ်မနေစနစ်တကျ တပ်ဆင်ကြရန်၊ တစ်ဦး နှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာမှသာ ပြောဆိုနေထိုင်ကြရန်၊ လက်ကို ဆပ်ပြ၊ ရေတို့ဖြင့် စက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောနည်းများနှင့် Mask များစနစ်တကျ တပ်ဆင်နည်းများကို တိုက်ပွဲရှောင်စခန်းများရှိ မိဘပြည်သူများအား လက်တွေ့ သရုပ်ပြသ ခြင်းများနှင့် လတ်တလောအသက်ရှုလမ်းကောင်းဆိုင်ရကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ အသိပေး ခြင်းများ၊ ဆောင်ရန်/ ရှောင်ရန် အချက်များနှင့်ရောဂါကူးစက်မှုမရှိစေရေးအတွက် လိုက်နာရမည့် အချက်များအား အဆိုပါ တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ပြီး ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း