ကျွန်းလှမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကျွန်းလှ ဩဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ စုရပ်၌ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

 ကျွန်းလှမြိုနယ်တွင် ဩဂုတ် ၃ ရက်မှစတင်ပြီး ပထမအကြိမ် ရောက်ရှိလာသော တရုတ် နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၇၅၀ ကို ဦးတည်အုပ်စု ဦးစားပေး အစီ အစဉ်ဖြင့် ဆေးတစ်လုံး နှစ်ဦးနှုန်းဖြင့် လူဦးရေ ၁၅၀၀ အား ထိုးနှံပေးပြီး ဖြစ်ကြောင်း၊ ယခု ဒုတိယ အကြိမ်ရောက်ရှိလာသော ကာကွယ်ဆေးအလုံးရေ ၅၀၀ အား ဩဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှသိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်း အဆင်ပြေချောမွေ့စေရန် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ပြီး၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာ များ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှုးများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြ ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)