ကျောက်ထုမြို့၌ နဂါးမောက်ပင်များ စိုက်ပျိုး

ကျောက်ထု ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ဥယျာဉ်ခြံမြေတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်ပင် များ စမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်မှုရှိကြောင်း သိရသည်။

 

"နှစ်ရှည်ခံ ကျွန်းတိုင်၊ ရှားတိုင်နှင့် ကွန်ကရစ်တိုင်များစိုက်ပြီး နဂါးမောက်ပင်ကို စိုက်ပါတယ်၊  တစ်ပင်နှင့် တစ်ပင် ( ၄ )ပေ ခြားစိုက်ပါတယ်၊  သဘာဝ မြေဆွေး ၊ နွားချေးစတဲ့ သဘာဝမြေသြဇာကို အသုံးပြုပါတယ်၊ သဲနုံးများရောစပ်ပြုပြင်ထားတဲ့မြေမှာ နဂါးမောက်ပင် အကိုင်းများကို စိုက်ပျိုးပြီးလျှင် အမြစ်များ ပိုးမထိုးစေရန် မြေတွင်းပိုးသတ်ဆေးထည့်ပေးရပါတယ်၊ သီးပွင့်ချိန်မှာတော့ နှမ်းဖတ် ပုတ်ရည် ထည့်ပေးပါတယ်" ဟု စိုက်ပျိုးသူတစ်ဦးက ပြောသည်။

 

 ထို နဂါးမောက်ပင်များသည် အပင်ကြီးထွားစေရန် အစိုဓါတ်ကြိုက်နှစ်သက်သည့်အတွက် ရေကို လိုအပ်သလိုအသုံးပြု၍ ရေသွင်းရေထုတ် ပြုလုပ်ပေးရကြောင်း သိရသည်။ ။ နဂါးမောက်ပင်များ စိုက်ပျိုးပြီး (တစ်နှစ်) အကြာတွင် အသီးများရရှိပြီး အသီးမှာ အဖြူသီးနှင့် အနီသီး ဟူ၍ နှစ်မျိုး ရှိရာ အနီသီးမှာ ဆေးဖက်ဝင်ပြီး သွေးတိုး၊ ‌ဆီးချိုရောဂါ ပျောက်ကင်း ကျန်းမာကြောင်း လေ့လာသူတစ်ဦး၏ ပြေပြချက်အရသိရသည်။

 

လက်ရှိတွင် အသီးများကို အကြီး၊ အသေးပေါ်မူတည်၍ အရွယ်အစားလိုက် တစ်လုံးလျှင်(သုံးရာ)ကျပ်မှ (ငါးရာ)ကျပ်အတွင်း ရောင်းချကြကြောင်း သိရသည်။

မောဟေမာန်