ပေါက်ခေါင်းမြို့တွင်ကိုဗစ်ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

                                                                  ပေါက်ခေါင်း ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ယနေ့နံနက် ၁၀ နာရီ အချိန် က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း (၃၇)ဦးရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် သံဃာတော်(၁၀)ပါးနှင့်ကာကွယ်ဆေး မထိုးနှံရ သေးသည့် နိုင်ငံ့ဝန်ထမ်း (၁၈)ဦး၊ဒု တိယကြိမ်အဖြစ် ပညာရေးဌာနမှ ဝန်ထမ်း()ဦး ထိုးနှံပေးလျက်ကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ သိရှိရသည်။

ဥမ္မာကျော်