မရမ်းကုန်း​မြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေခံသမဝါယမအသင်း(၁၃)သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး ကြက်သွန်နီများ ဖြန့်ဖြူးရောင်းချ

မရမ်းကုန်း သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊  မရမ်းကုန်းမြို့နယ်တွင် ရှမ်းပြည်နယ်၏ ဒေသထွက်ကုန် ဖြစ်သည့် ကြက်သွန်နီများကို ဒုတိယ အကြိမ် ဖြင့် မရမ်းကုန်းမြို့နယ်အတွက်ရရှိသော ကြက်သွန်နီ (၄၂၅) ပိဿာအား မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်၍ ယနေ့ နေ့လယ်က မြို့နယ် အတွင်းရှိ အခြေခံ သမဝါယမအသင်း ၁၃ သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ဒေသထွက်ကုန်ပစ္စည်းများကို မရမ်းကုန်းမြို့နယ်တွင် ပထမအကြိမ်ဖြင့် ဂေါ်ဖီထုပ် ၆၈၀၀ ထုပ်၊ ကြက်သွန်နီ  ၃၅၀ ပိသာတို့အား ဖြန့်ဖြူး ရောင်းချပေးခဲ့ပြီဖြစ်ကြောင်း  မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနိုင်ထံမှ သိရှိရသည်။

ယဉ်မော်(ပြန်/ဆက်)