ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ ငွေ ပေးအပ်

ပန်းဘဲတန်း ဩဂုတ် ၁၃

ပန်းဘဲတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု(၁)စုလျင် (၂၀၀၀ဝိ/)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၆၂)စုအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ခိုင်နှင့်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကာယကံရှင်အိမ်ထောင်စုများ လက်ဝယ်အရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နေခြည်(ပြန်/ဆက်)