လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၉)ရပ်ကွက် သုမင်္ဂလလမ်း၊ အမှတ်(၁၁)ရပ်ကွက်ရှိ ပိတောက်လမ်းများတွင် မိုးတွင်းကာလ သွာလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ လမ်းကွန်ကရစ် ခင်း ဆောင်ရွက်ရန်၊ မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရပ်/ကျေး အလုပ်အမှုဆောင် များနှင့် သက်ဆိုင်ရာတာဝန် ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသကြီးအစိုးရမှ စီမံ ဆောင်ရွက် ပေးမှုဖြင့် (၂၀၁၉−၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၉)ရပ်ကွက် သုမင်္ဂလ လမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းဆောင်ရွက်နေမှု၊ အမှတ်(၁၁)ရပ်ကွက်ရှိ ပိတောက်လမ်း ကွန်ကရစ်ခင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)