ကလေး ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက နတ်ချောင်းကျေးရွာတွင်ရှိသော ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့် ဆေး ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးရန်မသင့်သည့် တားအမြစ်ထားသော အစား အသောက် များ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပြီး သက်တမ်းလွန်အစားအသောက်များ၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ အလှကုန်များနှင့် သုံးစွဲရန်မသင့် ကြေငြာထားသော အလှကုန်ပစ္စည်းများ တွေ့ရှိ၍ သိမ်းဆည်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးမှုတွင် လိုက်ပါဆောင်ရွက်ခဲ့ကြသော စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူ ကာကွယ်ပေးရေး ဥပဒေပါ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သျှင်နေမင်း ( ဂန့်ဂေါ )