ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ဂန့်ဂေါ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ မိုးရွာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုး ဘေးနှင့် လေပြင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့နယ် ပျားကျေးရွာတွင် လူနေအိမ်များအရောက် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် ပျားကျေးရွာအတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြ ကာ မိုးကြိုးဘေး၊ ဘေပြင်းဘေးအန္တရာယ်များကြုံလာပါက အရေးပေါ်တုံ့ပြန်ရမည့် အခြေအနေများအား Hand Speaker များဖြင့် လိုက်လံကြေညာ၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)