စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်အထက် ကျန်ရှိနေသည့် သံဃာတော်/ သီလရှင်များနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်း ဩဂုတ် ၉

စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် သံဃာတော်/ သီလရှင်များနှင့် ဝန်ထမ်း မိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက အုပ်စုသုံးနေရာခွဲ၍ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

"အသက်(၆၅)နှစ်နှင့်အထက် သံဃာတော်/ သီလရှင်များနှင့် ရပ်ကွက်နေပြည်သူ အဘိုး/အဘွား တွေကို ဩဂုတ်(၃)ရက်နဲ့ (၄)ရက်နေ့တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ် အခု ဆေးထိုးရန် ကျန်ရှိနေတဲ့ သံဃာတော်တွေ/ သီလရှင်တွေနဲ့ ဝန်ထမ်းမိသားစု(၂၀၀၀)ကျော်ကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးတာပါ အုပ်စုသုံးနေရာဖြစ်တဲ့ ပါရမီ ရပ်ကွက် မဟာစည်းခုံကြီး ဘုရားရှိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရယ်၊ သီတဂူအာယုဒါနဆေးရုံရယ်၊ မြို့တော်ခန်းမရယ်ကို သက်ဆိုင်ရာ ကျန်မာရေးဝန်ထမ်းများက အုပ်စုခွဲပြီး တစ်ပြိုင်တည်း ဆေးထိုးပေးသွားမှာပါ" ဟု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာသို့ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည့် စီမံဆောင်ရွက်မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်