ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့ပေါ်ရှိစုရပ်များနှင့် ကျေးလက် ကျန်းမာရေးဌာန စုရပ်များတွင် ဆက်လက်ထိုးနှံ

ပေါက်တော ဩဂုတ် ၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စီမံအုပ်အုပ်ချုပ်ရေး အဖွဲရုံးခန်းမစုရပ်တွင် ယမန်နေနံနက် ၉ နာရီက ထိုးနှံပေးပြီး ကျေးလက်ကျန်းမာရေးဌာန(၃)ခုတွင် ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ထိုးနှံပေးခြင်းကို ဆောင်ရွက်ကြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းသို့ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅/နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ဈေးရောင်းဈေးသည်များ၊ (Volunteer)များ၊ စေတနာ့ဝန်ထမ်းများ ဟိုတယ်၊ မိုတယ်ဝန်ထမ်းများနှင့် ယာဉ်မောင်းများအား ပေါက်တောမြို့နယ် ဆရာဝန်ကြီး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း သွေးအတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးကြသည်။

တဆက်တည်းမှာပင် ဆေးဆက်လက်ထိုးနှံပေးနေသည့် ကျေးလက်ကျန်းမာရေးဌာန ကျောက်တောင်တိုက်နယ် ဆေးရုံစုရပ်၊ နတ်ရှင် ကျေးလက် ကျန်းမာရေးဌာန၊ အလယ်ကျွန်း ကျေးလက် ကျန်းမာရေးဌာနစုရပ်၊ ဆင်တက်မော်ကျေးလက်ကျန်းမာရေးဌာန၊ ယာတိုက် ကျေးလက်ကျန်းမာရေး ဌာနရပ်များသို့ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဌာနဝန်ထမ်းများက မိမိကျရာစုရပ်များသို့ သွားရောက်ကြီးကြပ် ဆောင်ရွက်ကြလျက် ကျေးရွာများမှ‌စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။

ပေါက်တောမြို့နယ်ရှိ ကာကွယ်ဆေးထိုးနှံပေးသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်းမ စုရပ်(၁)ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၃)ခုတွင် ယနေ့ဆေးထိုးနှံရန် လာရောက်ကြသူ စုစုပေါင်း (၁၀၁၅)ဦးထိုးနှံကြပြီး၊ စတင်ထိုးနှံသည့်နေမှစ၍ ယနေ့ထိ ကာကွယ်ဆေး ထိုးနှံသည့် စုစုပေါင်း လူဦးရေ(၆၃၅၂)ဦး ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာကြသော ပြည်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန်ဆောင်ရန်အချက်များကို အလေးအနက်ထား လိုက်နာကြ စေလိုကြောင်း ပြောကြားပြီး ဒုတိယအကြိမ်‌ ထိုးနှံခြင်းကိုလည်း မပျက်မကွက် လာရောက် ထိုးနှံကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကျော်သန်း(မြို့နယ်ပြန်/ဆက်)