ဘုတလင် သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (SinoPharm)ကို ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစားခန်းမနှင့် ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)ရုံးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ သီလရှင်များ(၆)ပါး၊ အသက် (၆၅)နှစ်နှင့် အထက်ဘိုးဘွား(၁၂၁)၊ နိုင်ငံ့ဝန်ထမ်း(၁)ဦး၊ နိုင်ငံဝန်ထမ်း မိသားစု(၈)ဦး၊ ပရဟိတ အသင်းများမှ (volunteer)(၁၈)ဦး၊ ပုဂ္ဂလိကစက်ရုံများမှ ဝန်ထမ်း(၁၀၆)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်း(၅၄)ဦး၊ ဈေးသူ၊ ဈေးသား ပြည်သူများ (၁၇၀)ဦး၊ အကျဉ်း/အချုပ်သား(၆)ဦး၊ စုစုပေါင်း(၄၉၀)ဦးတို့ကို မြို့နယ်ကုသရေး ဦးစီးဌာန ကာကွယ် ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (SinoPharm)များ ဆက်လက် ထိုးနှံပေး ခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (SinoPharm) ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြပြီး ယနေ့တွင် ဆက်လက်ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။
နှင်းယုအေး(ဘုတလင်)