ဝေါမြို့နယ်တွင် Oxygen Concentrator အောင်ဆီဂျင်စက်နှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း

ဝေါ  သြဂုတ်  ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဝေါမြို့နယ် မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ညောင်ခါးရှည်တိုက်နယ်ဆေးရုံအတွက် အလှူရှင်များမှ Oxygen Concentrator နှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အလှူရှင်များမှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဝေါမြို့နေ ဦးဌေးအောင် +ဒေါ်မြမြစိုး (အောင်စိုးမိုးစက်သုံးစီအရောင်းဆိုင်) မှ ဝေါမြို့နယ်မြစ်ကျိုးတိုက်နယ် ဆေးရုံနှင့် ညောင်ခါးရှည်တိုက်နယ်ဆေးရုံအတွက် အလှူရှင်များမှ Oxygen Concentrator နှစ်လုံး နှင့် အောက်ဆီဂျင်အိုး ဆယ်လုံး စုစုပေါင်းတန်ဖိုးငွေကျပ် (၅၂) သိန်းဖိုး ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် ကော်မတီဝင်များက လက်ခံရယူသည်။

ထို့နောက်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်မှ အလှူရှင်များ ပေးအပ်လှူဒါန်းသော ဝေါမြို့နယ် မြစ်ကျိုးတိုက်နယ်ဆေးရုံမှ Oxygen Concentrator တစ်လုံးနှင့် အောက်ဆီဂျင်အိုး ငါးလုံးအားလည်းကောင်း၊ ညောင်ခါးရှည်တိုက်နယ်ဆေးရုံအတွက် Oxygen Concentrator တစ်လုံး နှင့် အောက်ဆီဂျင်အိုးငါးလုံးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ဦးလှမင်း တို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)