ကျေးသီး သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံ၌ သြဂုတ် (၃)ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည့်အမျိုးသားနှင့်ဆက်စပ်သူ များ၊သြဂုတ် (၆)ရက်နေ့က ကျေးသီးမြို့မရဲစခန်းမှရဲဝန်ထမ်း(၃)ဦးသည် အနံ့မရရှိသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသ၍ RDTစက်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယင်းတို့နှင့်ဆက်စပ်သူများ စုစုပေါင်း(၃၉)ဦးအား သြဂုတ် (၆ )ရက်နေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးခဲ့ရာအဆိုပါ(၃၉)ဦးအနက်(၁၂)ဦး၌ ရောဂါပိုးစစ်ဆေးတွေ့ရှိ ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူသည် လုံပုရပ်ကွက်နေအသက်(၁၁)နှစ်အရွယ် မိန်းကလေး ၁ဦးအား ကျေးသီး ပြည်သူ့ဆေးရုံသီးသန့်ဆောင် (Isolation Ward)တွင် ဆေးကုသသွားမည်ဖြစ်ပြီးမြို့မရဲစခန်းမှ အသက်(၄၅)နှစ် အရွယ်အမျိုးသား ၁ဦး၊အသက်(၄၆)နှစ်အရွယ်အမျိုးသား ၁ဦး၊ (၅၁)နှစ်အရွယ်အမျိုးသား ၂ဦး၊အသက် (၄၀)နှစ်အရွယ်အမျိုးသား၁ ဦး၊အသက် (၃၁)နှစ်အရွယ်အမျိုးသား၁ဦး၊အသက် (၂၉)နှစ်အရွယ်အမျိုးသား ၁ဦး၊အသက် (၂၅)နှစ်အရွယ်အမျိုးသား ၁ဦး၊အသက် (၂၆)နှစ်အရွယ် အမျိုးသား ၁ဦး၊အသက် (၃၅)နှစ်အရွယ်အမျိုးသား ၁ဦးနှင့်အသက်(၅၅)နှစ်အရွယ် အမျိုးသား ၁ဦး စုစုပေါင်း ၁၁ဦးတို့အား ကျေးသီးမြို့နယ် ၁၆ခုတင်ဆံ့တိုင်းရင်းဆေးရုံ သီးသန့်ဆောင်(lsolation Ward)တွင် ထားရှိကုသ သွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိသူများ၊ ၎င်းတို့နှင့်ထိတွေ့ဆက်စပ်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေအိမ်များတွင်အသွားအလာကန့်သတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
မြိုနယ်(ပြန်/ဆက်)