နွားထိုးကြီး ဩဂုတ် ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT)ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် လာရောက် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၆)ဦးတို့သည် အမှတ်(၁)ရပ်ကွက်မှ(၃)ဦး၊ အမှတ်(၂)ရပ်ကွက်မှ(၃)ဦး၊ အမှတ်(၃)ရပ်ကွက်မှ(၁)ဦး၊ အမှတ်(၄)ရပ်ကွက်မှ(၁)ဦး၊ အမှတ်(၅) ရပ်ကွက်မှ(၁)ဦး၊ တောဇောက်ကျေးရွာမှ(၁)ဦး၊ ကန်ရွာကျေးရွာမှ(၁)ဦး၊ ပဲချက်ကျေးရွာမှ(၁)ဦး၊ ပြင်စည်ကျေးရွာမှ(၁)ဦး၊ ဝက်လူးကျေးရွာမှ(၁)ဦး၊ မြဝတီ ကျေးရွာမှ(၁)ဦး၊ အင်ချောင်းကျေးရွာမှ(၁)ဦးတို့ နေမကောင်းပြီး အနံ့ပျောက် နေသဖြင့် နွားထိုးကြီး မြို့ ၊ပြည်သူ့ ဆေးရုံတွင် (RDT ) ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ ဆေးရုံအထူး ကုသဆောင်၊ အောင်သဇင် Q Center နှင့် မြို့နယ်အားကစားခန်းမ၊ ရွာကြီးကျေးရွာ အ.ထ.က၊ ကဒေါင်းကျေးရွာ အ.ထ.ကနှင့် နေအိမ် တွင်းသီးသန့် ထားရှိ၍ ဆေးဝါး ကုသပေး လျက်ရှိကြောင်း သိရသည်။
နွားထိုး ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရသူ (၆၇၅)ဦး၊ ဆေးရုံတက် ကုသသူ(၁၄၈၉)ဦး၊ သေဆုံးသူ (၂၈)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်