ပြည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ ၄၄၅၀ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့

ပြည် ဩဂုတ် ၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများနှင့် သာသနာ့ဝန်ထမ်းများအပါအဝင် ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ အများပြည်သူ စုစုပေါင်း၄၄၅၀ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီမှ ၁၂နာရီထိတွင် သီရိခေတ္တရာ မြို့တော်ခန်းမ၌ အသက် ၆၅နှစ်နှင့်အထက် ၅၀ဦး၊ နိုင်ငံ့ဝန်ထမ်း ၆၀ဦးနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ၉၀ဦး စုစုပေါင်းလူဦးရေ ၂၀၀ အား ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် အလားတူ အထက(၁) ဆေးထိုးစုရပ်၌ ၂၄၁ဦး လာရောက်ဆေးထိုးနှံကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ  ပူးပေါင်းဆောင်ရွက်လျက်ရှိကာ နေ့စဉ်ကာကွယ်ဆေးထိုးနှံခြင်းအား ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးလျက်ရှိပြီး ပြည်မြို့နယ်တွင် ဇူလိုင် ၃၀ရက်မှ ယခုလ ယနေ့နံနက်ပိုင်းအထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသော အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ(၁၇၇၃)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ(၂၂၇)ဦး၊ Volunteer/ ပရဟိတလူမှုအသင်းအဖွဲ့များမှ(၂၃၉)ဦး၊ ဘိုးဘွားရိပ်သာမှ(၅၃)ဦး၊ ဘုန်းကြီး/ သီလရှင်/ ဘာသာရေးကျောင်းများမှ (၁၈၈)ဦး၊ နိုင်ငံ့ဝန်ထမ်း(၆၀၄)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၁၀၆)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံများမှ(၄၂၇))ဦး၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ(၁၂)ဦး၊ အကျဉ်းသား/ အချုပ်သားများ(၅၇၄)ဦး ပုဂ္ဂလိကပို့ဆောင်ရေး(ကုန်း၊ ရေ၊ လေ) လုပ်ဆောင်နေသူများ(၉၆)ဦးနှင့် Super Market/ဈေးများမှ(၁၅၁)ဦး အစရှိသည့် ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသော အများပြည်သူ စုစုပေါင်း(၄၄၅၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် နေ့ရက်အလိုက် ကာကွယ်ဆေးထိုးနှံပေးမည့် ရပ်ကွက်/ကျေးရွာစာရင်းကို ဒေသတွင်းပြည်သူများ သိရှိနိုင်ရန် (We Love Pyay) Facebook Pageတွင် နေ့စဉ်တင်ထားပေးကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

ကိုဆက်