ငွေဆောင် သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်း များကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများအား အ.ထ.က ငွေဆောင်ကျောင်းတွင် ယနေ့နံနက် ၈ နာရီက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ချမှတ်ထားသည့် လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဇူလိုင်လ ၃၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ ထိုးနှံပေးခဲ့ရာ သြဂုတ်လ ၅ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၈၅၄)ဦး ရှိပြီး သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများအတိုင်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မူမူ(ငွေဆောင်)