ကျိုက်လတ် သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ အောက်စီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် မြို့မိမြို့ဖများ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် Oxygen Plant တည်ဆောက်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေး ၂ တိုင် စင်ထူခြင်းနှင့် လိုင်းထောက် တိုင်ထောင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်တွင် ကျိုက်လတ်မြို့ ၈ လမ်း ဘုမ္မိကာရုံ ရွှေကျင်ကျောင်းတိုက်၌ စတင်ဆောင်ရွတ်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွတ်ရာသို့ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ လာရောက်ကြည့်ရှုကြရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟစိုးမှ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်များကို ရှင်းလင်းခဲ့သည်။
ကျိုက်လတ်မြို့တွင် ယခုတည်ဆောက်မည့် အောက်စီဂျင်စက်ရုံသည် တနေ့လျှင် Liter ၄၀ အိုး ၂၀၀ လုံး ထွက်ရှိမည့်စက်ဖြစ်ပြီး စက်ရုံအတွက်လိုအပ်သည့် ထရန်စဖော်မာအား အမှတ် ၅×၆ ဗိုလ်ချုပ်လမ်း ရွှေဒင်္ဂါးရေခဲစက်မှ ဦးဟန်စိန်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဇင်မာ