မင်းလှမြို့နယ်အတွင်းရှိ ဈေးသူ ဈေးသားများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sino pharm )ထိုးနှံပေးလျက်ရှိ

မင်းလှ ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနရုံး၌ မြို့နယ်အ တွင်း ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် ဈေးသူ ဈေးသား များကိုယနေ့နံနက် ၉ နာရီချိန်ကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) အားလူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးဒေါက် တာလှဝင်း၏ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်း ညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ပါးစပ်နှင့်နှာ ခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျမှတ်ပုံ တင်ဆောင်ရွက်ခြင်းများပြုလုပ်ကာဈေးသူဈေးသားများနှင့် ဦးစားပေးထိုးနှံမှုတွင်ကျန်ရှိသူများအား နံနက် ၉ နာရီမှညနေ ၄ နာရီထိထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံခဲ့သူများကို ပထမအကြိမ်အဖြစ်ဆေးထိုးပြီးကြောင်း ဆေးလက်မှတ်များပေး အပ်ခဲ့ပြီး နောက်ထပ်(၂၈)ရက်အကြာ၌ ဒုတိယအကြိမ်ကာကွယ် ဆေးထပ်မံထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအကြိမ် ကာကွယ် ဆေးထိုးပြီး ကြောင်းလက်မှတ်ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။ မင်းလှမြို့နယ် အတွက်ကိုဗစ် ကာကွယ်ဆေးလုံးရေ(၄၃၀၀)လုံးရရှိမည်ဖြစ်ရာ ယနေ့ထိစုစုပေါင်းဆေး လုံးရေ(၁၆၀၀) လုံးရရှိထားပြီး လူဦးရေ (၁၉၆၀ )ဦးထိထိုးနှံပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။ ပေါက်စ မင်းလှ