ကြံခင်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ တွင်မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန် ရေးကော်မတီအဖွဲ့နှင့်လူမှုကူညီရေးပရဟိတအဖွဲ့များသို့ Light House Social Development Organization Ayarwaddy အဖွဲ့မှ COVID -19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများကိုယမန်နေ့ နေ့လည်ပိုင်းက သွားရောက်လှုဒါန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုကိုLight Hourse Social Development Organization Ayarwaddyအဖွဲ့ကိုယ်စား ကြံခင်းမြို့နယ် တာဝန်ခံ ဒေါ်မိုးစန္ဒာဝင်းက COVID -19ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော PPE( ၂၀ )စုံ၊N95( ၂၀) ခု၊ Surgical Mask( ၅၀)ဘူး၊ Oximeter (၃) ခု၊ လက်အိတ်(၂) ဗူး၊ လက်သန့်ဆေး (၁)ဂါလံ၊ ပိုးသတ်ဆေး (၂)ဂါလံ၊အေပရွန်(၁၀၀)ခုပါ(၃)ထုပ်အားမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ရုံးသို့သွားရောက်လှုဒါန်းပေးခဲ့ကြောင်းသိရသည်။
အလားတူ မေတ္တာမွန်လူမှုကူညီရေးပရဟိတအဖွဲ့၊ မြတ်ဓမ္မလူမှုကူညီရေးအဖွဲ့နှင့် နှိုင်းယှဉ် မေတ္တာ မီးသင်္ဂြိုလ် စက်အဖွဲ့များအတွက် PPE (၃၀)စုံ၊အေပရွန်(၁၀၀)ပါ(၄)ထုပ်၊ Oximeter (၁) ခု၊ Surgical Mask (၆၀) ဗူး၊ လက်သန့်ဆေးရည် (၃)ဂါလံ၊ လက်အိတ်(၄)ဗူး၊ N95(၃၀)ခု၊ ပိုးသတ်ဆေးရည်(၃)ဂါလံ၊ ဖိနပ်စွတ်(၃၀၀) တို့ကို မေတ္တာမွန် လူမှုကူညီရေး ပရဟိတသို့ သွားရောက် လှူဒါန်းရာ ဆရာတော် အရှင်ဆန္ဒိမာမှ လှုဒါန်းမှုအတွက် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ (တတိယလှိုင်း) ဖြစ်ပွားချိန်ကာလတွင် ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများအား ယခုလူမှုကူညီရေးပရဟိတ (၃)ခုမှပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)