ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့၊ ကုတင်(၅၀၀) ဆေးရုံးကြီး ကြီးကြပ်မှုကော်မတီသို့ Oxygen Generator (25m3 -၁ လုံး) ၊( 50m3 -၁လုံး ) ၊ Oxygen Cylinder 40Lအိုး - ၂၀၀လုံး ၊ စက်ရုံအဆောက်အဦ(၂)လုံးနှင့် ခြံစည်းရိုးတံခါး ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေပေ

လွိုင်ကော် ဩဂုတ် ၄ ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့၊ ကုတင်(၅၀၀) ဆေးရုံးကြီး ကြီးကြပ်မှုကော်မတီသို့ Oxygen Generator (25m3 -၁ လုံး) ၊( 50m3 -၁လုံး ) ၊ Oxygen Cylinder 40Lအိုး - ၂၀၀လုံး ၊ စက်ရုံအဆောက်အဦ(၂)လုံးနှင့် ခြံစည်းရိုး တံခါး(၁)ချပ် ဆောက်လုပ်ရန်အတွက် ကုန်ကျငွေကျပ်သိန်း (၂၅၉,၃၇၁, ၉၀၀)အား ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်က ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ရခြင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့ ၊ ကုတင် (၅၀၀)ဆေးရုံကြီး ကြီးကြပ်မှု ကော်မတီသို့ လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း (၂၅၉,၃၇၁, ၉၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆေးရုံကြီး ကြီးကြပ်မှုကော်မတီက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပြီး လွိုင်ကော်မြို့ ၊ ကုတင် (၅၀၀) ဆေးရုံကြီး ကြီးကြပ်မှုကော်မတီဝင် ၊ လွိုင်ကော်ပြည်သူ့ဆေးရုံ ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စန်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်လူမှုရေးရာဝန်ကြီးဌာန ၊ ဝန်ကြီး ဦးထိန်ဝင်း ၊ ကယားပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီး ရဲမှူးကြီး မျိုးဆွေ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် နှင့် ဆေးရုံကြီးကြပ်မှုကော်မတီများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ စိုးလှိုင်ဌေး