မင်းဘူး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ် စည်းကမ်းချက်များအတိုင်း မှတ်ပုံတင်ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ သုံးစွဲရန် မသင့်သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိကို မကွေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာဝင်းလတ်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ပိုင်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မန်ဆေးဆိုင်၊ နေပြည်တော်ဆေးဆိုင်နှင့် နဂါးနီ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)