လေးမျက်နှာမြို့နယ်တွင် စျေးနှင့်သုသာန်များအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

လေးမျက်နှာ သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေး၊  သုသာန်နှင့် သဂြိုလ်စက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်  ဌာနဆိုင်ရာများမှ သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြပ်မတ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်၊ စျေးရောင်းစျေးဝယ်များ ကိုဗစ်-၁၉ရောဂါ ကင်းဝေး၍ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက်  ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆေးဖျန်းခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ရေး အဖွဲ့နှင့်  ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊  ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့်  စည်ပင်သာယာတို့မှ ဝန်ထမ်းများ ပါဝင်သော အဖွဲ့မှသွားရောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)