ကန့်ဘလူ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဩဂုတ် ၁ ရက်ည ၉ နာရီခန့်မှ ယမန်နေ့ နံနက် ၈ နာရီခန့် အထိ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဘလူ-ထန်းကုန်း-ကာဘိုးလမ်း ပေါ်ရှိ ချင်မြစ်ကျင်းကျေးရွာအဂင် အုတ်ခံဖောင်ဒေးရှင်း သစ်သားကြမ်းခင်းတံတားသည် ရေတိုက်စားမှုကြောင့် တံတားချည်းကပ်မြေသား အကျယ် ၁၀ ပေခန့် ပျက်စီးသွားကြောင်း သိရသည်။
ကန့်ဘလူ- တန်းကုန်း- ကာဘိုးလမ်းပေါ်ရှိ တင်ကုတ်ကြီးကျေးရွာနှင့် ချင်မြစ်ကျင်းကျေးရွာ အကြား ချင်မြစ်ကျင်းကျေးရွာမြောက်ဘက် ရွာအဝင်တံတား အုတ်ဖောင်ဒေးရှင်းခံ အခန်း( ၄) ခန်းပါရှိသည့် သစ်သားကြမ်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားမြောက် ဘက် ချည်းကပ်မြေသားများအား ရေတိုက်စားမှုကြောင့် အနည်းငယ်ပျက်စီးခဲ့သော်လည်း တံတားမှာ ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါ တံတားပေါ်သို့ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ ခွင့်ပြုထားပြီး ယာဉ်ကြီးများအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါတံတားအနီးရှိ ကျေးရွာများတွင် ကျေးရွာအတွင်း ရေဝင်ရောက်မှုမရှိကြောင်းနှင့် သီးနှံ စိုက်ခင်းများ ပျက်စီးမှုမရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ အခြားကျေးရွားများ တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်မှုရှိမရှိနှင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု၊လမ်းတံတားပျက်စီးခြင်းများရှိမရှိကို မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း