မြောက်ဦး ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြောက်ဦး၊ ကျောက်တော်၊ မြေပုံနှင့် မင်းပြားမြို့နယ်များရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံစသော သတ်မှတ်စု ရပ်နေရာများတွင် လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား နိုင်ငံတစ်ဝန်းလုံးရှိ သက်ဆိုင်ရာခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရန်၊ ကိုဗစ်-၁၉ ကူးပြန့်ပွားမှအား ကာကွယ်တားဆီးနိုင်ရန် နှင့်ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုကို လျော့ချနိုင်ရေးအတွက် မြောက်ဦးခရိုင်အတွင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့်မြေပုံ မြို့နယ်များတွင် တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေးမထိုးနှံရသေးသော ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အို ဘိုးဘွားများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စဉ်များတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့အား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက (Sinopharm)ကိုဗစ်-၁၉ ကာကွယ် လာရောက်ဆေးထိုးနှံကြသည့် ရဟန်းရှင် လူပြည်သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတ နာ့ဝန်ထမ်း Volunteer များအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများ အားစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း