မော်လမြိုင် ဩဂုတ် ၁၂
ကျေးလက်နေအမျိုးသမီးငယ်များ တစ်ပိုင်တနိုင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစု ဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မော်လမြိုင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးအသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကော့ခမယ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်က သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ခရိုင်ဦးစီးမှူး ဦးအေးနိုင်က သင်တန်းသူများအား သင်တန်းတွင် ပို့ချသည့်ဘာသာရပ်များကိုကြိုးစားသင်ယူကြရန်၊ သင်တန်းချိန်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာကြစေရန် အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ကော့ခမယ်ကျေးရွာမှ အမျိုးသမီးသင်တန်းသူ(၂၅)ဦးတက်ရောက်ကြပြီး သင်တန်း တွင် သင်ထောက်ကူပစ္စည်းအစုံအလင်ဖြင့် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီထိ သင်တန်း ကာလ တစ်လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည့်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)