ထီးလင်း သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ အခြေခံ ပညာဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထီးလင်းမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ(၁၃၈၂) ဦးရှိပြီး အောင်မြင်သူ(၅၄၈)ဦး ရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့်(၃၉.၆၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ အောင်မြင်သူများအနက်(၄) ဘာသာဂုဏ်ထူးရှင် ၂ ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင် ၉ ဦး ၊(၂) ဘာသာ ဂုဏ်ထူးရှင် (၄၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၀၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင်(၁၅၈)ဦး ပေါ်ထွက်ခဲ့ကြောင်း သိရှိရသည်။
မာမာ(ပြန်/ဆက်)