မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေး

ဘီးလင်း သြဂုတ် ၁၂

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဘီးလင်းမြို့နယ်ရုံးမှ လက် ထောက် မြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်အောင်နှင့် ဝန်ထမ်းများသည်  ယနေ့နံနက်ပိုင်းက ဘီးလင်း မြို့နယ် ဘိုးလှကြီးရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကျင်းပရာ၌ အသက် (၁၈)နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲ​ပေးပိုင်ခွင့်မဆုံးရှုံးစေ​ရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိစေရန် ကွင်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသေးသော ရပ်ကွက်ကျေးရွာများတွင်လည်း ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို သတ်မှတ်ချက်များနှင့်အညီပြည့်စုံပါက ပြုလုပ်ဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထူးနောင်(ဘီးလင်း)