ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ဘောင်ဘဲ့တန်းကျေးရွာသို့ သောက်သုံးရေများ လှူဒါန်း

ရေစကြို ​သြဂုတ် ၁၂

ရေစကြိုမြို့နယ်၊ ဘောင်ဘဲ့တန်းကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က ကံပွင့်ရေအလှူတော်အဖွဲ့က သောက်သုံးရေများ လှူဒါန်းခဲ့သည်။

အဆိုပါ ​ဘောင်ဘဲ့တန်းကျေးရွာရှိ အိမ်ထောင်စု ၃၈၅စု၊ လူဦးရေ ၁၁၆၀ ဦးအတွက် သောက်သုံးရေ အဆင်​​ပြေစေရေး သောက်သုံးရေဂါလန် ၁၈၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့်၂ ကြိမ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ရေစကြိုမြို့နယ်အတွင်းရှိ ​သောက်သုံးရေလိုအပ်သော ကုက္ကိုစုကျေးရွာနှင့် ဥက္ကံကျေးရွာတို့ကိုလည်း သောက်သုံးရေဂါလန် ၁၈၀၀ ဆံ့ ၂ စီး လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ယခုနှစ်အတွင်း ကံပွင့်ရေအလှူတော်အဖွဲ့က ရေစကြိုမြို့နယ်အတွင်း သောက်သုံးရေခက်ခဲသော ကျေးရွာများသို့ လှူဒါန်းခဲ့ပြီး အခေါက်ရေအားဖြင့် ရေဂါလန်  ၁၈၀၀ ဆံ့ ၁၀၀ ခေါက်ရှိပြီဖြစ်ကြောင်း ကံပွင့်ရေအလှူအဖွဲ့၏ တာဝန်ခံ ဦးခင်ဇော်ထံမှ သိရှိရသည်။

နွယ်နွယ်အောင်(ပြန်/ဆက်)