သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရွာငံ    ဩဂုတ်  ၁၂

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံရေး စိစစ်ရေး ကတ်ပြားများကို ဩဂုတ်လ()ရက်နေ့မှစတင်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းကျဒိုး ကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးရာတွင် သစ္စာ စီမံချက်အနေဖြင့် ရွာငံမြို့နယ်အတွင်းရှိ မြို့ပေါ်()ရပ်ကွက်နှင့်အတူ ကျေးရွာအုပ်စု(၂၈)အုပ်စုရှိ ကျေးရွာများမှ ပြည်သူများအနက် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်()ရပ်ကွက်၊ မြိုင်၊ ညောင်အိုင်၊ ကျောက္ကူပြင်၊ အင်း ကုန်း/ငါးဆူ၊ မြင်းတွင်းနှင့် မြင်းကျဒိုးအုပ်စုများတွင် ဆောင်ရွက်ပြီးစီးပြီး ကျန်ကျေးရွာ အုပ်စုများ ကိုလည်း မြို့နယ်ဦးစီးအရာရှိ ဦးလှဝင်းနိုင်နှင့်အတူ ဝန်ထမ်းများက ဆက်လက် ကွင်းဆင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                  

ထွန်းထွန်းဝင်းမြို့နယ်ပြန်/ဆက်(ရွာငံ)