အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့ အ-ထ-က(၄)ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများလှူဒါန်း

ပြည် ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့ လူငယ်ရေးရာကော်မတီမှ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအတွက် ဩဂုတ် ၁၂ ရက် ယနေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းရာတွင် လူငယ်ရေးရာကော်မတီအဖွဲ့မှ တာဝန်ရှိသူများက အဆိုပါ ပြည်မြို့ အ.ထ.က(၄) ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် နှာခေါင်းစည်း mask အခု ၄၀၀၊ လက်ဆေးဆပ်ပြာရည် ၁၄ ဘူး၊ လက်သန့်ဆေးရည် ၅ ဘူးနှင့် လက်အိတ် အခု ၁၀ဝ တို့ကို ကျောင်းအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းမင်းစိုး ပြန်/ဆက်