ကျုံ​ပျော်မြို့နယ် ဒါးက​ချောင်း သဘာဝ​ရေပြင် အင်း​ချောင်းအတွင်းသို့ ငါးသား​ပေါက် ကောင်​ရေ (၅) သိန်းခွဲ မျိုးစိုက်ထည့်

ကျုံ​ပျော်  သြဂုတ် ၁၂

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ​ရေရှည်စဉ်ဆက်မပြတ် ငါးစားသုံးနိုင်​ရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာ​စေရန်၊ ငါးသယံဇာတများ​ ပေါများလာ​စေရန် ရည်ရွယ်၍ ဒါးက​ချောင်း သဘာဝ​ရေပြင် အင်း​ချောင်းအတွင်းသို့ ငါးသား​ပေါက် ကောင်​ရေ (၅) သိန်းခွဲ မျိုးစိုက်ထည့်ခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ရာသို့ တိုင်း​ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦး​သော်ထွန်းဦး၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦး​အေးနိုင်နှင့် သာ​ပေါင်းမြို့၊​ ရေကြည်မြို့တို့မှ ငါးလုပ်ငန်း ဦးစီးဌာနမှူးများ၊ ကျုံ​ပျော်မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ လူမှု​ရေးအဖွဲ့များ၊ အင်းသားကြီးများ တက်​ရောက်ကြပြီး၊ ငါးမြစ်ချင်း သား​ပေါက်​ကောင်​ရေ (၃) သိန်းခွဲ၊ ငါးခုံးမ သား​ပေါက်​ကောင်​ရေ (၁) သိန်းနှင့် ငါးကြင်း​ရွှေဝါ သား​ပေါက် ကောင်​ရေ (၁) သိန်း၊ စုစု​ပေါင်း ငါး​သား​ပေါက်​ကောင်​ရေ (၅) သိန်းခွဲအား ဒါးက​ချောင်းအတွင် ငါးမျိုး စိုက်ထည့်ခဲ့ကြသည်။

ကျုံ​ပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအ​နေဖြင့် ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းသည် ပြည်သူလူထု ငါးစားသုံးမှု ဖူလုံ​စေရန်နှင့် ငါးသယံ ဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်​စေရန် ရည်ရွယ်​ဆောင်ရွက်ခြင်း ဖြစ်​ကြောင်း၊ ယခုကဲ့သို့ ​သဘာဝ​ရေပြင် အင်း​ချောင်းများနှင့် ရေအစဉ်အမြဲတည်ရှိ​နေသည့် ​ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ်နှစ်တိုင်း​ ဆောင်ရွက်လျက် ရှိ​ကြောင်း၊ ကျုံ​ပျော်တွင် ငါးသယံဇာတ ထုတ်လုပ်မှုအတွက် ဂရန်အင်း​ပေါင်း (၃၀) ဖြင့် ဆောင်ရွက်လျက်ရှိ​ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှူး ​ဒေါ်ခင်မျိုးနိုင်ထံမှ သိရသည်။


နေဝင်းမြင့်(ပြန်/ဆက်)