စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံ

အရာတော် ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် လူမှုရေးဝန်ကြီး‌ဒေါက်တာဇော်ဝင်းက မြို့နယ်‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများ မှန်ကန်စွာပြုစု‌ရေး၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေငြာချက် များကို ၁၄-၈-၂၀၂၀ရက်‌နေ့အထိ တိုးမြှင့်ကြေငြာ ထားကြောင်း ပြည်သူများ သိရှိ‌စေရန်နှင့် မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲစာရင်းတွင်မိမိအမည်ပါရှိ‌ရေး အသိပညာပေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်း မကျန်ရှိစေရေး သက်ဆိုင်ရာ ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်နေမှုများနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

သူရ (ပြန်/ဆက်)