ဒီပဲယင်း ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြီု့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်ကုသရေးဦးစီးဌာမှူး မြို့နယ်ဆရာဝန် ဒေါက်တာ ဒေါ်စန်းလှိုင်အား ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အချက်အလက်များကို ယမန်နေ့ က တွေ့ဆုံမေးမြန်း ထားသည်ကို ဖော်ပြအပ်ပါသည်။
မေး။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်က ဆောင်ရွက်ထားရှိမှုအခြေအနေကို သိချင်ပါတယ်။ ဖြေ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်က ကိုဗစ်-၁၉ ရာဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌအဖြစ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူး အဖြစ်နဲ့ ဌာနဆိုင်ရာများက အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။
လက်ရှိဆောင်ရွက်ထားမှု အခြေအနေများကတော့-
၁။ မြို့နယ်ခြားတိုင်းခြားမှ ပြန်လာသူများဆိုလျှင် RDT Test စစ်ရန် သတ်မှတ်ထားသည့် Quarantine Center ဖွင့်ထားတဲ့မြို့နယ်ပြည်သူ့ဆေးရုံ တွင် ပိုးတွေ့လူနာနဲ့ ထိတွေ့သူများကိုလည်း စစ်ဆေးပေးပါတယ်။ စစ်ဆေးလို့ Negative ဆိုလျှင် CBFQ သို့ Home Q ဝင်ရပြီး နောက်၁၀ရက်ပြည့်တဲ့ရက ်မှာ ဒုတိယ အကြိမ် ထပ်မံစစ်ဆေးရပါမယ်။ Positive ဆိုရင်တော့ ကုသရေးစင်တာများဖြစ်တဲ့ စိန်ကြည် ဆေးကုသဆောင်နှင့် ဆရာစံခန်းမမှာ နေထိုင်ပြီး ကုသမှုခံယူရပါမယ်။ ၂။ CBFQ များကို နေအိမ်မှာပဲ Quarantine နေချင်တဲ့သူများကိုလည်း စည်းကမ်းနဲ့အညီ ထားရှိပေးထားပါတယ်။ ၃။ ကုသရေးစင်တာအနေနဲ့ ဆေးရုံမှာ ကုတင်(၂၀)ဆံ့ စိန်ကြည်ဆေးကုသဆောင် နှင့်ဆရာစံခန်းမတို့တွင် Positive လူနာများ ထားရှိထားပါတယ်။ ၄။မြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ နေမကောင်ခြင်း စသည့်လက္ခဏာ များဖြစ်ပေါ်ခြင်းကြောင့် လာရောက်ပြသသူများအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးပေးလျှက်ရှိပါတယ်။ ၅။ ကျမတို့ လူထုကို အသိပညာပေးခြင်းလုပ်ငန်းကိုလည်း ကျန်းမာရေးဦးစီးဌာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ လမ်းဆုံများနှင့်မြို့နယ်စည်ပင် သာယာရေးစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများကိုအသံချဲ့စက် ဖြင့်နှိုးဆော် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးပါတယ် ၊ ၎င်းအပြင် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်မှုမမေ့ကြစေရန်အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး Mask Campaing အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးပါတယ်။ မေး။ လက်ရှိ ပိုးတွေ့လူနာ အခြေအနေနဲ့ ပြန်လည်ကျန်းမာလာမှု အခြေအနေကို သိပါရစေ။ ဖြေ။ မြို့နယ်အတွင်း ကိုဗစ်-၁၉ပိုးတွေ့(Positive)လူနာ(၂၆၀)ဦးမှ သေဆုံးသူ(၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၅၅) ဦး လက်ရှိဆေးကုသမှုခံယူနေသူ(၉၈)ဦး ရှိပါတယ်။ မေး။ ပိုးတွေ့လူနာများကို ဆောင်ရွက်ထားရှိမှု အခြေအနေသိချင်ပါတယ်။ ဖြေ။ ပိုးတွေ့လူနာများကို ရောဂါပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး သတ်မှတ်နေရာကို ပို့ဆောင်ပေးပါတယ်။ ရောဂါအသင့်အတင့်နဲ့ ပြင်းထန်သူများကို စိန် ကြည်ဆေးကုသဆောင်မှာ ထားရှိပေးထားပါတယ်။ ရောဂါလက္ခဏာ မပြသူ၊ ရောဂါပြင်းထန်မှု မရှိသူများကိုတော့ ဆရာစံခန်းမမှာ ထားရှိပေးထားပါတယ်လူနာများ ပို့ဆောင်ပေးဖို့အတွက် မြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ သဗ္ဗသုခအသင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်။ မေး။ လူနာများအတွက် အောက်စီဂျင်လိုအပ်မှုကို ဘယ်လို စီစဉ်ဆောင်ရွက်ထားရှိပါသလဲ။ ဖြေ။ ကျမတို့ဆေးရုံမှာ အောက်အောက်စီဂျင်ဖြည့်ဖို့ လူမှုကူညီရေးအသင်းတစ်ခုဖြစ်တဲ့ သဗ္ဗသုခ အသင်းက ဆေးရုံက Oxygen Cylinder များကို မုံရွာမြို့ သို့သွားရောက်ဖြည့်ပေးပြီး ဆေးရုံရှိ Oxygen လိုအပ်လူနာများဆရာစံခန်းမ ရှိ Oxygen လိုအပ်လူနာများထံသို့ ပို့ပေးနေပါတယ်။ လက်ရှိအခြေအနေမှာတော့ Oxygen Cylinder (၁၇)လုံးနဲ့ လည်ပတ်နေပြီး လုံလောက ်မှုရှိနေပါတယ်။ မေး။ ပြည်သူတွေ အနေနဲ့ ရောဂါသံသယရှိလာရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရပါမလဲ။ ဖြေ။ ပြည်သူများ ဖျားနာ၍ဖြစ်စေ ကိုဗစ်- ၁၉ လက္ခဏာ ဖြစ်နေသည်ဟု သံသယရှိလာခဲ့ရင် မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit စစ်ဆေးပေးပါတယ် ၊ ရောပိုးတွေ့(Positive) လူနာများကို၊ မြို့နယ်ဆရာစံခန်းမတွင် သီးခြားထားရှိ ကုသေပေးခြင်း၊ ရောဂါပြင်းထန်သူများ ကိုတော့ ပြည်သူဆေးရုံရှိ စိန်ကြည်ကုသဆောင်တွင်ပြောင်းရွေ့ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပါတယ်၊ ပြည်သူများအနေ မိမိတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယ ရှိနေ သည်ဟု ယူဆပါက မြို့နယ်ပြည်သူ့ဆေးရုံသို့လာရောက်ပြီး ဆေးစစ်မှုခံယူကြပါလို့ အသိပေးလိုပါတယ်။ မေး။ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ် ဖြေ။ ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် လူဦးရေ၁၁၉၇၀၃ ဦးရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်န်း ကို မတ်လ ၂၅ ရက် ၃၇၀ဦး မတ်လ. ၃၁ရက် ၅၀ ဦး ဧပြီ ၂၅ ရက် ၁၀ ဦး ဧပြီ ၂၈ ရက် ၆၄၀ ဦး ဧပြီ ၂၉ ရက် ၄၁၀ ဦးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၄၈ လုံးအားရဟန်းသံဃတော်များ ၊ နိုင်ငံဝန်းထမ်းများ ပြည်သူ့များ စုစုပေါင်းလူဦးရေ ၁၄၈၀ ဦးကိုထိုးနှံပေးပြီးဖြစ်ပါတယ် ၊ မကြာမီ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးရန် အစီအမံများလည်း ဆောင်ရွက်ပြီးဖြစ်ပါတယ် ။ မေး။ အခြားဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါ။ ဖြေ။ ကျမတို့ကျန်းမာရေးဦးစီးဌာန အနေဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ၏ အကူအညီများ ရယူ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမှဖြစ်ပါတယ်။
အောင်လင်း၊ သိန်းထွန်း၊ ဒီပဲယင်း