ဟင်္သာတမြို့နယ်၌ သာသနာ့နွယ်ဝင် ဆရာတော်၊သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဟင်္သာတ  ဩဂုတ်   ၁

ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်နှင့်   ကျောင်းတိုက်အသီးသီး မှ သာသနာ့နွယ်ဝင်ဆရာတော် ၊ သံဃာတော်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟင်္သာတမြို့၊  မြစ်ကွေ့ကျောင်းပရိယတ္တိ စာသင်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 အဆိုပါကိုဗစ်ကာကွယ်ဆေး (Sinophram) ထိုးမည့် ဆရာတော် သံဃာတော်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊Volunteerများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်ရောဂါအခံ ရှိ/မရှိစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ဆရာတော် သံဃာတော် အပါး (၉၁) ပါးအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။                            

 ခင်သန္တာထွေး (ခရိုင်/ပြန်ဆက်)