လက်ပံတန်း. ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ၂လမ်းခန်းမ၌ ယနေ့ နံနက် ၉နာရီမှစတင်၍ ခလရ(၃၅)တပ်မှ ဗိုလ်ကြီးအာကာကျော်နှင့် ဆေးတပ်ဖွဲ့ဝင် များမှတစ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ ပါဝင်သော ဆေးထိုးအဖွဲ့နှစ်ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမျိုးဘာသာမရွေး ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ လက်ပံတန်းမြို့ နယ်အတွက် ဗစ်-၁၉ ရောဂါကွယ်ဆေး (Sinophram) အလုံး၈၀၀ ဖြင့်လူဦးရေ ၁၆၀၀အတွက်ရရှိထားပြီး၊ မြို့ပေါ်ရပ်၄ရပ်ကွက်မှာရှိတဲ့အသက်၆၅နှစ်အထက်သက်ကြီးရွယ်အိုများကို စတင် ထိုးနှံပေး လျက်ရှိပါတယ်၊ ဆေးရရှိမှုအပေါ်မူတည် သတ်မှတ်ထားတဲ့ဦးစားပေး အစီအစဉ်အလိုက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ကာကွယ်ဆေးထိုးခြင်းဖြင့်ရောဂါကူးစက်မှုကိုကာကွယ်နိုင်တဲ့ရာခိုင်နှုန်းများရရှိစေသဖြင့်ကာကွယ်ဆေးထိုးဖို့အရေးကြီးပါကြောင်း၊ကာကွယ်ဆေးကို ကိုဗစ်အတည်ပြုသူများ အနေဖြင့်(၆)လအတွင်း မထိုးနှံ ရပဘူး၊ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသူများနှင့် လတ်တလောကိုဗစ်ရောဂါလက္ခ ဏာများဖြစ်တဲ့ဖျားနာသူများ၊ နှာစီးချောင်းဆိုးသူများ မထိုးနှံသင့်ကြောင်း လက်ပံတန်းမြို့ နယ်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းကပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များနှင့် တာဝန်ရှိသူများတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်