လေးမျက်နှာ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အသက် (၆၅) နှစ်နှင့် အထက် ဘိုးဘွားများအား ဇူလိုင်လ (၃၁)ရက် နံနက်(၉:၀၀)နာရီ၌ နေရာ ၃ နေရာခွဲကာ စုရပ်များသတ်မှတ်ပြီး ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွက် ရရှိသည့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (၁၀၀၀)လုံးအား ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ထိုးနှံပေးမည့် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအနေဖြင့် သြဂုတ်လ ၂၉ ရက်နေ့တွင် ဒုတိယ အကြိမ်ထိုးနှံရမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက တစ်မြို့နယ် လုံး အတွက်ကာကွယ်ဆေးထိုး စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅)ဖွဲ့ ဖွဲ့စည်းကာ ရပ်ကွက်နှင့် တိုက်နယ်များအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံ နေမှုများ ကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့လေးမျက်နှာတွင် မြတ်စေတနာဆေးထိုးစုရပ်၊ အိုင်သပြုအ.ထ.ကစုရပ်နှင့် လှော် ကထားအ.ထ.ကစုရပ်တို့၌ တစ်ပြိုင်ထဲစတင် ထိုးနှံပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံလိုသူများအား တာဝန်ရှိသူများက အဆင့်ဆင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)