သာယာဝတီမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

သာယာဝတီ ဇူလိုင် ၃၁ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း စုရပ် (၃) နေရာတွင် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လိုက်လံကြည့်ရှု အားပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် စုရပ် (၃)နေရာဖြစ်သော ဆရာစံခန်းမတွင် လည်းကောင်း၊ အ.ထ.က (သုံးဆယ်မြို့မ) တွင်လည်းကောင်း၊ ခရစ်ယာန်ကျောင်းတွင် လည်းကောင်း ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစန်းဟို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ ၃၀ရက်နေ့မှ သြဂုတ် ၂ ရက်နေ့အထိ နေ့စဉ်နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီအထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ သန့်ဇော်