ပုလော ဇူလိုင်လ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ပေး နိုင်ရန်အတွက် Sinopam အမျိုးအစား ၁၈၉၀ လုံး ရရှိရာ ယမန်နေ့က နံနက် ပိုင်းက ရောက်ရှိကြောင်း ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅) နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတများ၊ ဘိုး/ဘွားရိပ်သာရှိ အဘိုး/ အဘွားများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်များနှင့် ဘာသာရေးကျောင်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက အလုပ်ရုံ/စက်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/တည်ခိုခန်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူများကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ သြဂုတ်လ ၁ ရက်နေ့ မှစတင်၍ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။