ကော့သောင်း ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၁)နာရီက ကော့သောင်းမြို့၊ ဘိုးဘွားရိပ်သာ၌ စတင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။ ကော့သောင်းမြို့သို့ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (၂၁၅၀)လုံး ရရှိသဖြင့် တစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် စုစုပေါင်း (၄၃၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်၊
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာနေရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (ကေ့သောင်း) စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှူအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပံ့ပိုးလမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။
ကျော်စိုး