ပင်လောင်းမြို့နယ်တွင် အသက် ၆၅ နှစ်အထက် မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပင်လောင်း  ဇူလိုင် ၃၁ 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ် အထက် မိဘပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို  ယနေ့၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အမှတ်() အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပင်လောင်းမြို့ပေါ် ၁၀ ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူ (၂၄၂) ဦးအား ယမန်နေ့နံနက် နာရီမှ ညနေ နာရီအထိ  ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများမှ အသက် ၆၅ နှစ်အထက် မိဘပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေး မည်ဖြစ်သည်။ 

ကာကွယ်ဆေးများကို အမှတ်()အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၊ နောင်တရားမြို့ နောင်တရား ပရိယတ္တိ စာသင်တိုက်တွင်လည်းကောင်း တီကျစ် အထကတွင် လည်းကောင်း၊ ပေါင်းလောင်း လုံးကဲ အမကတွင် လည်းကောင်း သတ်မှတ်သည့် နေ့ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်အရ  ကာကွယ်ဆေးပုလင်း(၂၁၃၈) လုံးခွဲဝေရရှိရာ တစ်လုံးလျှင် နှစ်ဦး ထိုးနှံနိုင်သဖြင့် ပထမအကြိမ်အတွက်(၁၀၆၉)ဦး နှင့်ဒုတိယအကြိမ်အတွက်(၁၀၆၉)ဦး  စုစုပေါင်း မိဘပြည်သူ ၂၁၃၈ ဦးအား ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)