အိမ်မဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကုစားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း ရွာဖြစ်သော ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် (၄၀၀'x ၆'x ၆") ရှိပြီး ယင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှလက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းဇော်ထွန်းနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန့်ဇော်လွင်နှင့် အဖွဲ့နှင့် မြောင်းမြခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦးတို့က စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)